အစဉ်အလာမရိုင်း ခိုင်မြဲသည့်ယုံကြည်ချက် ခံယူချက်များနှင့်အတူ စည်းရုံးကြမည့် သူရဲကောင်းများ
လွတ်လပ်ရေးနဲ့တပ်မတော်၊ တပ်မတော်နဲ့အချုပ်အခြာတွဲပြီးမြင်တတ်ရင် ယနေ့နိုင်ငံရဲ့ ဘက်စုံပြဿနာအရပ်ရပ်အပေါ်မှာ ဘယ်လိုမှန်ကန်တဲ့အမြင်နဲ့ ချဉ်းကပ်ဖြေရှင်းသင့်သလဲ နားလည်နိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့ကံကြမ္မာဟာ တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာ မြင်နိုင်ရမယ်။ တပ်မတော်ရဲ့ဆုံးရှုံးမှုတိုင်းဟာ နိုင်ငံတော်ရဲ့ဆုံးရှုံးမှုပဲဆိုတဲ့ဒဿန၊ တချို့မမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။
