ပဋိပက္ခအားပေးတဲ့ Yellow Journalism သတင်းတင်ဆက်မှုမျိုး မဖြစ်စေလိုပါ
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝိတ်တန်းမတူဘဲ ဆင်းထိုးရတဲ့ လက်ဝှေ့သမားလိုတော့ဖြစ်နေပါတယ်။ ဘာမှရေရေရာရာမသိ၊ ထင်ရာမြင်ရာရမ်းသန်းပြောဆိုနေတဲ့ Yellow Journalism လောက်အဆင့်ရှိတဲ့ မီဒီယာတစ်ခုရဲ့ ထုတ်လွှင့်ချက်ကို တုံ့ပြန်ပြောဆိုရတာကိုတော့ တွေးပြီးရှက်မိသား။ ဒါပေမဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးနဲ့ယှဉ်လာလို့ မပြောချင်လည်း ပြောရတော့မယ်။
