Skip to main content
Apr 10, 2026
နွေပိတောက်၊ ၂၀၂၆ အတာသင်္ကြန်နှင့် ဒုတိယစာမျက်နှာအဖွင့်
စပ်လျဉ်း၍ ဆိုသည်မှာ နွေပိတောက်ကို ဝိဂြိုဟ်ပြုလိုရင်းဖြစ်ပါသည်။ စင်စစ်သော်ကား ကျွန်တော်နတလသို့ မရောက်မီကတည်းက အနှီနွေပိတောက် သင်္ကြန်သီချင်းကို တေးရေးဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ တေးဆို သင်းသီရိတို့နှင့် ဖန်တီးထုဆစ်ထားပြီး ဖြစ်ပါသည်။
Apr 10, 2026
EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့
ဘက်ထရီကို အားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှု စတင်ပြီးလျှင်ကားရှိ ပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကို သုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ် ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ် လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။
Apr 09, 2026
ဆောင်းပါး
ယနေ့ ကမ္ဘာ့မြို့ကြီးများကို Cyber City ၊ Smart City နှင့် AI City များအဖြစ် နည်းပညာအဆင့်မြှင့်တင်တည်ထောင်လာမှုများ၊ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို လျှော့ချတိုက်ဖျက်နိုင်ရေး ၂၀၅၀ ပြည့်နှစ် ကာဗွန်ကင်းစင်ရေးကမ္ဘာ့ပန်းတိုင်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ ရုပ်ကြွင်းလောင်စာများအား မဟာဗျူဟာမြောက်လျှော့ချသုံးစွဲလာမှုများ၊ တစ်ဖန် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းနှင့် နှစ်သက်တမ်းကန့်သတ်ချက်ရှိသော ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှုတို့ကြောင့် အစိမ်းရောင်စွမ်းအင်သုံး လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာရေပန်းစားလာပါ၏။ ကမ္ဘာ့ EV နည်းပညာဖွံ့ဖြိုးမှုအရွေ့များ အံ့မခန်းမြန်ဆန်လာကာ ဈေးကွက်ယှဉ်ပြိုင်မှုစစ်ပွဲများ ပြင်းထန်လာပြီး EV ရောင်းချရမှု ရာခိုင်နှုန်းများ သိသာစွာ မြင့်တက်လာပါသည်။
Apr 08, 2026
ယနေ့ခေတ်ကာလတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။
Apr 07, 2026
မြန်မာပြက္ခဒိန်၏ ၁၂ လတွင် တန်ခူးလသည် နှစ်သစ်၏ ပထမဆုံးလဖြစ်ပြီး မြန်မာတို့၏ နှစ်သစ်ကူး ကာလလည်းဖြစ်သည်။ တန်ခူးသည် တာကူးဆိုသည့် ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး တာဆိုသည်မှာ အချိန်ရာသီ။ ကူးဆိုသည်မှာ ကူးပြောင်းခြင်း အနက်ရှိသည်  တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသည်ကို အကြောင်းပြု၍ တာကူးမှ တန်ခူးဟု ကာလရွေ့လျော ခေါ်ဆိုလာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။ ဤကာလသည် ထန်းသီးများ ခူးဆွတ်သည့် ရာသီဖြစ်၍ ထန်းခူးလမှ တန်ခူးလဟု ပြောင်းလဲခဲ့သည်ဟုလည်း ဆိုကြသည်။
Apr 07, 2026
ဆောင်းပါး
နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ စရိတ်သက်သာစွာနှင့် အဆင်ပြေစေရန်အတွက် နိုင်ငံအနှံ့ ရထားလမ်းများ ဖောက်လုပ်ကာ ခေတ်မီရထားစက်ခေါင်းများ၊ လူစီးတွဲများ၊ ကုန်တွဲများဖြင့် ပြေးဆွဲပေးလျက်ရှိပါသည်။ ၁၈၇၇ ခုနှစ် မေလ ၁ ရက် နေ့က Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် ၁၆၁ မိုင်ကို AO 1 ရေနွေးငွေ့ စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့မီးရထား (MR - မမ) သည် အရှေ့တောင်အာရှ၌ အစောဆုံးစတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
Apr 06, 2026
ဆောင်းပါး
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတ်မြေဩဇာအသုံးချမှုသည် အလွန်ကျယ်ပြန့်လာခဲ့သော်လည်း ယင်းနှင့်အတူ စျေးနှုန်းမြင့်တက်မှု၊ ကုန်ကျစရိတ်များ တိုးမြင့်လာမှု၊ လောင်စာဆီရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများ ပိုမိုများပြားလာနေသည်။ ထို့အပြင် ဓာတ်မြေဩဇာများကို အသုံးပြုမှုမညီမျှခြင်းသည် မြေဆီလွှာ၏ သဘာဝအရည်အသွေးကို ထိခိုက်စေပြီး ရေရှည်တွင်ထုတ်လုပ်မှုစနစ်အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
Apr 06, 2026
ဆောင်းပါး
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတ်မြေဩဇာအသုံးချမှုသည် အလွန်ကျယ်ပြန့်လာခဲ့သော်လည်း ယင်းနှင့်အတူ စျေးနှုန်းမြင့်တက်မှု၊ ကုန်ကျစရိတ်များ တိုးမြင့်လာမှု၊ လောင်စာဆီရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများ ပိုမိုများပြားလာနေသည်။ ထို့အပြင် ဓာတ်မြေဩဇာများကို အသုံးပြုမှုမညီမျှခြင်းသည် မြေဆီလွှာ၏ သဘာဝအရည်အသွေးကို ထိခိုက်စေပြီး ရေရှည်တွင်ထုတ်လုပ်မှုစနစ်အပေါ် မလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
Apr 06, 2026
ဆောင်းပါး
ဧပြီလ ၃ ရက်မှာ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ CNA သတင်းဌာနက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနဲ့ပတ်သက်ပြီး အရှိတရားကို မျက်ကွယ်ပြုကာ “မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား စစ်တပ်လိုလားသော လွှတ်တော်ကသမ္မတအဖြစ် ရွေးချယ်တင်မြှောက်” (Myanmar junta chief Min Aung Hlaing elected president by pro-military parliament) ဆိုတဲ့ ခေါင်းစဉ်နဲ့ ‘‘၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ကြောင်း၊ ၂၀၂၅ ရွေးကောက်ပွဲသည် အဓိကအတိုက်အခံအင်အားစုများ ပါဝင်ခွင့်မရဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုရွေးကောက်ပွဲကို “တရားမျှတမှုမရှိသောပြပွဲ” အဖြစ် ဝေဖန်ရှုတ်ချလျက်ရှိကြောင်း၊ အင်အားကြီးမားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်အပ်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပူးပေါင်းကာ ဦးမင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြတာကြောင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မဟုတ်မမှန်ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
Apr 05, 2026
နွေရာသီ အပူဒဏ်ဖြတ်ကျော်ဖို့ အပူရှောင်စခန်းမှာ ခိုနားစို့
ဧပြီလမှ ဇွန်လလယ်အထိ ‌နွေရာသီကာလသည် အလွန်ပူပြင်းသည့် ရာသီဥတုဒဏ်ကို ခံစားကြရသည့် ကာလဖြစ်ပါသည်။ “တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုသော ဆယ့်နှစ်လရာသီသဘာဝကို ညွှန်းဆိုသည့် မြန်မာဆိုရိုးစကားအရ ယခုအခါ နွေ၏အပူဒဏ်ကို သိသိသာသာ ခံစားနေကြရပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းကြုံတွေ့ကြရသည့် နွေအပူသည် ယခုနှစ်တွင် ယခင်နှစ်များကထက်ပိုသည်ဟု ခံစားကြရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ အပူချိန်များတစ်နှစ်ထက်တစ်နှစ် မြင့်မားလာမှုကို သိရှိခံစားကြမည်ဖြစ်ပါသည်။