Skip to main content

ဆယ်စုနှစ် ခုနစ်စုအလွန် နှစ်ပေါင်း ၇၀ ကျော်ကြာပြီးနောက်

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာအပါအဝင် နိုင်ငံအများအပြားသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး ထွန်းသစ်စနိုင်ငံများအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။

အပျက်မှာ မပျော်ဘဲ အဖြစ်မှာ အပြုသဘောဆောင်ကြပါစို့

ခေတ်အခြေအနေအရ လူတွေမှာ အပျက်သဘောတွေးခြင်းတွေ များလာတယ်၊၊ အပျက်သဘောအတွေးများတော့ အပျက်စိတ်များလာတတ်တာမဆန်း။ မူလအပြုစိတ်မထားတတ်သူတွေမှာ အပျက်စိတ် ထားဖန်များရင်အပျက်မှာ ပျော်လာကြတာသဘာဝပါ။ အပျက်သဘောဟူသည် အဖျက်စွမ်းအားကို ပို၍ကြီးမားသွားစေတယ်ဆိုတာ ကို သတိမထားမိတဲ့အခါ...၊၊

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (Collective Management Organization-CMO)

လူသားများသည် ဂီတကို ဖန်တီးနိုင်စွမ်းနှင့် ခံစားနိုင်စွမ်းရှိကြပါသည်။ တေးဂီတနှင့်ပတ်သက်ပြီး အများလက်ခံထားကြသည့်အချက်ကတော့ ဂီတသံကို ကြားချိန်မှာ ဦးနှောက်မှ ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါဓာတ်သည် လူသားများ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)

ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေသနလုပ်ငန်း များ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက် ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။

မေတ္တာလွှမ်းသော မိသားစုထမင်းဝိုင်း

အခုလည်း ရန်ကုန်မှာ အလုပ်လုပ်ရပြီဆိုတော့ မိသားစုနဲ့ ခွဲရပြန်ပြီပေါ့။ ဘာလိုလိုနဲ့ ရန်ကုန်ရောက်တာ သုံးလကျော်ပြီ။ နေထိုင်ရေးအတွက် ပူစရာမလိုဘူး။ ရုံးက နေစရာအခန်းပေးတယ်။ ကျွန်တော်နေတဲ့အဆောက်အအုံမှာ ရုံးကဧည့်သည်တွေ တည်းဖို့အတွက် အိပ်ခန်းတွေအများကြီး ရှိတယ်။ ကျွန်တော့်လို မိသားစုမပါတဲ့ဝန်ထမ်းတွေနေဖို့အတွက် အဲဒီမှာ စီစဉ်ပေးထားတယ်။ လတ်တလောအဆောင်မှာနေတာက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက တော့ ရုံးကိစ္စအတွက် နယ်ကနေ ရန်ကုန်ကိုလာတဲ့ ဧည့်သည်တွေပဲရှိတယ်။ သူတို့က ခဏတည်းလိုက်၊ ပြန်သွားလိုက်နဲ့။ အမြဲရှိမနေကြဘူး။ အဆောင်မှာ ကျွန်တော့်လို အမြဲနေနေတဲ့ တခြားတစ်ယောက်က အလုပ်များတဲ့သူဆိုတော့ အဆောင်မှာမရှိတာက များတယ်။ ဒီတော့အဆောင်မှာ ကျွန်တော်တစ်ယောက်တည်းပဲ နေတာများပါတယ်။

အသိနှင့်ယှဉ်သည့် အလေ့အကျင့်မှတစ်ဆင့်

လူတွေသက်တမ်းမစေ့မီ သေဆုံးကြရတဲ့အခြေအနေတွေကို လျော့ပါးအောင် နေ့စဉ်လမ်းလျှောက်ခြင်းဆိုတဲ့ အလေ့အထကောင်းတစ်ခုက ဘယ်လိုလုပ်နိုင်ပါသလဲ။ ကျန်းမာရေးဆိုင်ရာသုတေသနပြုချက်တွေက မကြာမကြာဖော်ပြပေးနေပါတယ်။ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေဟာ ယခုလိုကာလ အပတ်စဉ်လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ခြင်းမှာ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။ အသိနဲ့ယှဉ်တဲ့လှုပ်ရှားမှု၊ ပြုမူမှုမှန်သမျှဟာ အဓိပ္ပာယ်မဲ့ဖြစ်မသွားပါဘူး၊ အလေ့အထမှသည် ဝါသနာ၊ ဝါသနာမှသည် ကောင်းမွန်တဲ့စရိုက်တွေအထိ ပြောင်းလဲသွားတယ်ဆိုတဲ့ခံယူချက်မျိုးဟာ မိမိအတွက်အရေးကြီးတဲ့ အသက်ရှည်ရာအနာမဲ့ကြောင်းမှာ များစွာအထောက်အကူပြုပါတယ်။

စမ္ပာနဂိုရ်က ပေါင်ကျိုးနွားမကြီး သို့မဟုတ် အမြီးပြတ်မြေခွေး

လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရင် စွက်ဖက်ခံရသူအနေနဲ့ လက်မခံနိုင်တဲ့အပြင် မဆီမဆိုင်စွက်ဖက်သူကို မကျေမနပ်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ရှိလက်ရှိ ပြောလိုက်ရမှ ကျေနပ်ပါတယ်။ စွက်ဖက်သူအနေနဲ့ သိက္ခာမဲ့ရာရောက်တယ်။ လိပ်ပြာမသန့်ဖြစ်မယ်။

သမ္မတတစ်ဦးရဲ့ဂုဏ်သိက္ခာ နိုင်ငံတစ်နိုင်ငံရဲ့ ကျင့်ဝတ်စံနှုန်းနဲ့အညီ ညီညွတ်မျှတပါစေ တီမောလက်စ်တေ

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလမှ ယနေ့မျက်မှောက်ကာလတိုင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော် လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားရန် (Respect for each other’s sovereignty and territorial integrity)၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်(Non-interference in each other’s internal affairs)၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှုမပြုရန် (Non-aggression)စတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက် (Five principles of peaceful co-existence)နဲ့အညီ လက်တွေ့ဆက်ဆံကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နတ်လသဘင်ရောက်ပြန်လျှင်မူ၊ ဖျင်မျှအုံထပ်၊ ဘွဲ့အပ်မည်ပေး (၂)

စာကဗျာများကို ရေးကြ၊ ဖွဲ့ကြရာ၌ အရေးအသားပုံစံအရ စာပေဂုဏ်ဆယ်ပါး၊ စာပါအကြောင်းအရာ၊ အရေးအဖွဲ့ကပေးသော ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩနောအရသာဟု စာဆိုနှင့်အညီ ဖတ်ရှုသူ၊ ကြားနာသူတို့ရင်၌ ခံစားမှုအရသာ (ရသ) ကိုးမျိုး ပေးနိုင်ခဲ့ကြသည်။
Subscribe to ဆောင်းပါး