တည်ငြိမ်အေးချမ်းသော နှစ်သစ်ဖြစ်စေလို
ယခုအခါ ၂၀၂၄ ခုနှစ် နှစ်သစ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ခက်ခဲကြမ်းတမ်းလှသော၂၀၂၃ ခုနှစ်ကို နှုတ်ဆက်ခဲ့ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်ကို မျှော်လင့်ချက်ကြီးမားစွာဖြင့် ဖြတ်သန်းကြရဦးမည်ဖြစ်သည်။ ပျော်ရွှင်ချမ်းမြေ့မှုများ၊ စိတ်မချမ်းမြေ့မှုများ၊ ပူဆွေးသောကများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တူညီသောစိတ်ဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းနေမှသာလျှင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
