ဆင်းရဲနွံတွင်းက ရုန်းထွက်လုနီး ဘင်္ဂလားဒေ့ရှ်နမူနာစီးပွားရေးမူဝါဒ
ကုန်သွယ်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ဆင်းရဲမှုတိုက်ဖျက်ရေး၌ ပြည်ပကုန်သွယ်ရေးကို လက်နက်ကောင်းတစ်ခုအဖြစ်အသုံးချခဲ့သည့် ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ အနောက်ဘက်အိမ်နီးချင်း၊ သမိုင်းတစ်လျှောက် စားရေရိက္ခာမဖူလုံမှုကြောင့် ဆင်းရဲမှုနှင့်နပန်းလုံးနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲနွံက ရုန်းထွက်ဖို့ရန် ပြည်ပကုန်သွယ်ရေးကို အသက်ကယ်ကြိုးတစ်ခုအဖြစ်အသုံးချခဲ့သည်မှာ မှန်ကန်ကြောင်း ယခုအခါ သက်သေပြလျက်ရှိပါသည်။
