တို့ရိုးရာသင်္ကြန် မြန်မာ့ယဉ်ကျေးမှုအမွေ ကမ္ဘာတစ်ခွင် ပျံ့နှံ့ထင်ရှားကျော်ကြားစေ
ဒီနှစ်ရန်ကုန်မှာ ပိတောက်ပန်းတွေ စောစောစီးစီးပွင့်ကြတယ်။ မတ်လနောက်ဆုံးပတ်မှာ မိုးပြေးလေးကလည်း “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” နဲ့ရောပြီး တစ်ဖြိုက် နှစ်ဖြိုက်ရွာလိုက်တော့ ပိတောက်တွေကလည်း ဝေဝေဆာဆာပွင့်လိုက်ကြတာ၊ အချို့နေရာတွေများ ဆိုပင်လုံးကျွတ်မျှပဲ။ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ပိတောက်ရနံ့တွေက သင်္ကြန်အငွေ့အသက်တွေကို သယ်ဆောင်လာသလို ခံစားရတော့ စိတ်ထဲကြည်နူးလိုက်တာလွန်ပါရော။
