Skip to main content

Oct 07, 2020

၂၀ ရာစုအကုန်ပိုင်းကာလကစ၍ ကမ္ဘာပေါ်တွင် သတင်းနှင့် နည်းပညာ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာပြီဟု ကြွေးကြော်ခဲ့ကြ၏။ သတင်းအချက်အလက်နှင့် နည်းပညာ မဟာအဝေးပြေး လမ်းမကြီးပေါ်ဟု တင်စားကြ၏။ ကမ္ဘာနှင့်အဝန်းကို ချိတ်ဆက်သွယ်တန်းထားသည့် ကွန်ရက်များပေါ်တွင် အသစ်အသစ်သော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဖန်တီးတီထွင်မှု အမျိုးမျိုးတို့ အပြိုင်အဆိုင် အလုအယက် ပြေးလွှားကြကုန်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို အောက်တိုဘာ(၁)ရက်မှစတင်ကာ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေး အတွက် (Social Distancing)နှင့် အညီ မဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၂၅) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၁၀၀) ဦး၊ ရုရှားဖရက်ဒရေးရှင်းမှ (၆) ဦး၊ ဂျာမနီမှ (၂) ဦး၊ နယူးဇီလန်မှ (၁) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၉) ဦး လိုက်ပါလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများ အစည်းအဝေး(ASLOM)နှင့် လုပ်ငန်းအဖွဲ့ (Working Group) အစည်းအဝေးကို အောက်တို ဘာ ၅ ရက် မှ ၇ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

နေပြည်တော်  အောက်တိုဘာ ၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (International Labour Organization-ILO) တို့ပူးပေါင်း၍ (၁၃) ကြိမ် မြောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်း အ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို ဖော်ထုတ်နိုင်ပြီးချိန်မှအစပြုပြီး ကာကွယ် ဆေးထုတ်လုပ်သည့်လုပ်ငန်းများ စတင်ခဲ့သည်။ လူသား များတွင် ကာကွယ်ဆေး ဘေးကင်းမှုရှိ၊ မရှိ စမ်းသပ်မှု များကို ပထမဆုံးအနေဖြင့် မတ်လတွင် စတင်ခဲ့သည်။ လက်ရှိအနေအထားတွင် ကမ္ဘာ တစ်ဝန်းရှိ သုတေသီ များက ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးအမျိုးပေါင်း ၃၂၀ ကို စမ်းသပ် လေ့လာလျက်ရှိသည်ဟု သိရသည်။ ယေဘုယျအားဖြင့် ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်း စဉ်သည် လက်တွေ့အသုံးပြုနိုင်သည့်အဆင့် မရောက်မီ နှစ်ပေါင်းများစွာ သုတေသနပြုရန် လိုအပ် သည်။ သို့ရာတွင် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင် များက လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကိုထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက် မှုအခြေအနေ၊ ကုန်ဈေးနှုန်းများ ဖြစ်ပေါ်မှု အခြေအနေများနှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်း အဖွဲ့များမှ တာဝန်ရှိ သူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွက် ဖွင့်လှစ် ရန်ရှိသော သင်တန်းများအနက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) တွင် အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၈၆) ကို လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) ကို လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် Online Learning System ဖြင့် စတင်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး ငါးရုံး၌ ဆက်လက်ဆန္ဒမဲ ပေးကြရာ မြန်မာသံရုံး ဘန်ကောက် မြို့၌ မဲဆန္ဒရှင် ၅၃၆ ဦး၊ မြန်မာသံရုံး ကိုင်ရိုမြို့၌ မဲဆန္ဒရှင် ၂၀၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် ၁၇၀၀ ကျော်ခန့်၊ မြန်မာသံရုံး ဆိုးလ်မြို့၌ မဲဆန္ဒရှင် ၁၅၀ နှင့် မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် ၄၀၂ ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စန်းမူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ကျော်ဝင်းက မွန်ဘာသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး မိကျိုက်စောက မြန်မာဘာသာဖြင့်လည်းကောင်း ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ယခုအခါ နှာခေါင်းစည်း ငါးသန်းထုတ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး ကျေးရွာလူထုအား အကာအကွယ်ရယူ၍ လမ်းပန်း ဆက်သွယ်မှု လုံခြုံရေးကို ဖြတ်တောက်ခြိမ်းခြောက် နေသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ခြေကုပ် စခန်းအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ရခိုင်ပြည်နယ် စစ်တွေ-မင်းပြား- အမ်း လမ်းပန်းဆက်သွယ်မှု လုံခြုံ ရေးအတွက် တပ်မတော်က ဆောင် ရွက်လျက် ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

မမှန်ကန်သောသတင်းများကို သတင်းတု သို့မဟုတ် သတင်းမှား သို့မဟုတ် ကောလာဟလသတင်းများဟု ဆိုပါသည်။ ထိုမမှန်ကန်သော သတင်းများ သည် ပုံမှန်အခြေအနေအချိန်အခါထက် ထူးခြားသောအခြေအနေ အချိန်အခါ တို့တွင် ပေါ်ထွက်လာတတ်ပါသည်။ အထူးသဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်မှု မြင့်မားနေသော အချိန်၊ အသိုက်အဝန်းများအကြား အထင်အမြင် လွဲမှားနေသော အချိန်အခါတွင် မမှန်ကန်သောသတင်းများ ပေါ်ထွက်လာတတ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

စီးပွားရေးတိုးတက်မြင့်မားရေးသည် နိုင်ငံတစ်ခု၏ နိုင်ငံသားတို့အတွက် အခြေခံကျသည့်လိုအပ်ချက်ဖြစ်၏။ ဒါက ငြင်းစရာမရှိသော အဆိုဖြစ်ပါသည်။ သို့သော်လည်း သည်ကနေ့ ပေါ်ထွက်လာ သည့်ကိုဗစ် ကပ်ရော ဂါက ကမ္ဘာ့နိုင်ငံအားလုံးကို စီးပွားရေးအကျပ် အတည်း ဘောင်အတွင်းသို့ တွန်းထည့်လိုက်၏။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး၏ ကူးစက်ပြန့်ပွားမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ပုံမှန်ကူးလူးဆက်ဆံမှု လုံးဝပြတ် တောက်သလောက် ဖြစ်သွားခဲ့မှု တစ်ခုတည်းကပင် နိုင်ငံတကာ စီးပွားရေးရာလုပ်ငန်းများ မည်မျှလောက် ကျပ်တည်းရပ်တန့်သွားမည်ဆိုသည်ကို မှန်းဆနိုင်ပါလိမ့်မည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2020

(၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း

ဆက်လက်ဖတ်ရှုရန်

Oct 05, 2020

လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာsတဆိုင် ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း ၊ကယ် ဆည်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ် အေးနှင့် ဝန်ကြီးဌာန တာဝန်ရှိ သူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့ အွန်လိုင်းစနစ်ဖြင့်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်