Skip to main content

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၁၇

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဇီဝိတဒါနငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဘေးမဲ့လွှတ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး နှစ်သစ်ကူး ကုသိုလ်ကောင်းမှုအဖြစ် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ထမ်းများက တီလားဗီးယား၊ ငါးပြေမနှင့် ငါးမျိုးစုံကောင်ရေ ၇၀၀၀ ကျော်ကို ကန်အတွင်းသို့ ဘေးမဲ့လွှတ်ပေးကြသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို သတ္တဝါများဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာနေထိုင်နိုင်ကြစေရန်၊ လူသားများအနေဖြင့် သတ္တဝါများကို သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီး နှလုံးသားတွင် သူတော်ကောင်းစိတ်ထားများ စွဲမြဲစွာကျန်ရစ်စေရန်၊ “သဒိသံ ပါကံ ဇနေတိ” “မိမိပြုလုပ်သော ကံ၏တူညီသောအကျိုးကိုပေးနိုင်၏” ဟူသော မြတ်ဗုဒ္ဓ၏ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှချမ်းသာရာရကြပြီး အသက်ရှည်စွာနေနိုင်ကြသကဲ့သို့ လူသားများအနေဖြင့်လည်း အသက်ရှည်အနာကင်းကြပြီး ကျန်းမာချမ်းသာစွာနေနိုင်ကြစေရန်၊ ရှေးဘိုးဘွား အစဉ်အဆက် ပြုလုပ်လာခဲ့ကြသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်