တစ်ဦးချင်းပညာအခြေခံမှသည် ပညာအခြေခံလူ့အဖွဲ့အစည်းသို့
မိမိဘဝရဲ့တန်ဖိုးတစ်ခုဟာ ပညာစွမ်းအားအပေါ်မှာသာ မှီတည်ပါတယ်။ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုမှာ လျှောက်ချင်ရင် အခြားအရာတွေထက် ပညာကိုသာ ဦးစားပေးရှာဖွေရပါမယ်။ ပညာကသာ ကောင်းတဲ့အလုပ်ကိုရွေးချယ်နိုင်ပြီး အကောင်းဆုံးအကျိုးပြုနိုင်မှာဖြစ်တဲ့အတွက် ကောင်းတဲ့ဂုဏ်သတင်းနဲ့အတူ ဘဝရှင်သန်ရပ်တည်မှုအခက်အခဲမရှိအောင် လမ်းပြသည်က ပညာသာလျှင်ဖြစ်ပါတယ်၊၊
