လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့
ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဘီလီယံကျော်ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
