သမားရိုးကျမဟုတ်သည့် လုံခြုံရေးစိန်ခေါ်မှုများနှင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and Internation- al Studies)က ကြီးမှူးပြီး မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ (Seminar: Cooperation on Non-Traditional Security Matters among Mekong Lancang Countries) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မဖော်ပြမီ မဲခေါင်-လန်ချန်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် စပ်လျဉ်း၍ အနည်းငယ်မျှတင်ပြလိုပါသည်။ ဤ နေရာ၌ “မဲခေါင်-လန်ချန်း” အခေါ်အဝေါ် နှင့် “လန်ချန်း-မဲခေါင်” အခေါ်အဝေါ်ကို အနည်းငယ်ရှင်းပြလိုပါသည်။
