မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်တတ်မှုအနုပညာ
အထက်မှာဖော်ပြထားခဲ့သလိုမျိုး အချက်အလက်အမျိုးမျိုးအပေါ် သေချာသရုပ်ခွဲ ဆန်းစစ် ပြီးမှ အဆုံးအဖြတ်တစ်ခု ချမှတ်ရတာမျိုးရှိသလို ဆောလျင်စွာ ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်တာ မျိုးအတွက် နည်းနာတွေကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူနာတစ်ယောက် နေလို့မကောင်းဘူးဆိုရင် ဆရာဝန်တစ်ဦးက အဖျားတိုင်းကြည့်မယ်၊ အဖျားရှိမနေဘူးဆိုရင် သွေးပေါင်ကျ၊ မကျ စတာမျိုးတွေနဲ့ ရောဂါရှာဖွေမှုတစ်ခုပြီး တစ်ခုလုပ်ဆောင်ပြီး သံသယဖြစ်နေမှုတွေကို ဖယ်ရှားရှင်းလင်းရတာမျိုး ဖြစ်ပါတယ်။ ဒီနည်းနာ မျိုးကို ကျန်းမာရေးနဲ့ဆိုင်တဲ့နေရာမှာ ဆုံးဖြတ်တာမျိုးသာမက စီမံခန့်ခွဲမှု၊ နေ့စဉ်ဘဝနေထိုင်မှုနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာပါ အသုံးချနိုင်ပါတယ်။
