သုတေသနနယ်ပယ်မှသည် ဖွံ့ဖြိုးမှုဆီသို့
ဘယ်ပညာရပ်နယ်ပယ်မဆို တတ်မြောက်ပြီးတဲ့ ပညာရပ်တစ်ခုကို ထိထိရောက်ရောက်အသုံးချမှသာ အသုံးဝင်ပါတယ်၊ အကျိုးလည်းရှိပါမယ်။ ပညာခေတ်လို့ဆိုတဲ့အရာမှာ နားလည်အောင်သင်၊ သင်တာကိုသိရုံနဲ့မပြီး၊ အသိကိုအကျင့်နဲ့ပေါင်းပြီး လုပ်ရင်းကိုင်ရင်းနဲ့ လက်တွေ့အသုံးချနေမှသာ ထိရောက်အောင်မြင်မှုရှိပါမယ်။
