Jan 06, 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံအသစ် တည်ဆောက်ရန် အုတ်မြစ်ချပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ ကောင်းမှုးခမ်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိဇေယျ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
Jan 06, 2022
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝရေပြင်တွင် ငါး/ပုစွန် သယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝရေပြင် အတွင်းသို့ရေငန်ပုစွန်သားပေါက်များကို စစ်တွေမြို့ ရေချမ်းပြင်ကားကူးဇက်ဆိပ်၌ ဇန်နဝါရီ ၃ ရက်က မျိုးစိုက်ထည့်ခဲ့သည်။
Jan 06, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများ ကွပ်ကဲမှုအောက်ရှိ လူငယ်သင်တန်းကျောင်း (၃၆) ကျောင်းတို့တွင် (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ (ကျား)၊ ခြင်းလုံးပြိုင်ပွဲ (ကျား)၊ ထုပ်ဆီးတိုး ပြိုင်ပွဲ(မ)၊ လွန်ဆွဲ ပြိုင်ပွဲ (ကျား၊ မ)များကို လည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲအဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ အာလူးကောက်အပြေး ပြိုင်ပွဲ (ကျား၊ မ)၊ မုန့်စားအပြေးပြိုင်ပွဲ (ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေး ပြိုင်ပွဲ(ကျား၊ မ)၊ သုံးချောင်း ထောက် အပြေးပြိုင်ပွဲ (ကျား၊ မ)၊ အမြင့်ခုန် (ကျား၊ မ)၊ အလျားခုန် (ကျား၊မ) ဆန်ကောရွက်ပြေးပြိုင်ပွဲ (မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ (ကျား၊ မ) များကိုလည်းကောင်း ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
Jan 06, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၃၀ စုစုပေါင်း ၁၁၉ ဦးတို့ကို အသီးသီး လက်ခံကြသည်။
Jan 06, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေးအသက် ၄၀ နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 06, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကိုယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ တက္ကသိုလ်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြ သစ်လွင်များတက်ရောက်ကြသည်။
Jan 06, 2022
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၈)ကို ဇန်နဝါရီ ၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။
Jan 06, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် တိုင်းဒေသကြီးအဆင့် ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားတိုးဆုံးနှင့် သိုးဆိတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် မွေးမြူရေးခြံ၌ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။
Jan 06, 2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် အနီးရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သော နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ဇန်နဝါရီ ၃ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Jan 06, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းစစ်ဌာနချုပ်တို့ရှိ အစည်းအဝေးခန်းမများ၌ ယနေ့ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 06, 2022
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ဇန်နဝါရီ ၇ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှတိုက်ရိုက် Liveရိုက်ကူး ထုတ်လွှင့်မည်။
Jan 06, 2022
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ကံမလေး ဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်းသစ်မှ လာမည့်နွေသီးနှံအတွက် စိုက်ပျိုးရေ စတင်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Jan 06, 2022
ဒီမိုကရေစီနိုင်ငံတိုင်းတွင် စည်းကမ်းဥပဒေကို အလေးထားဂရုစိုက်ကြသည်။ စည်းကမ်းဥပဒေ ကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သာယာဝပြောနေသည်ကို တွေ့ရသည်။ အမှန်တွင် စည်းကမ်းသည် ဒီမိုကရေစီ နိုင်ငံမှသာမဟုတ် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော မည်သည့်နိုင်ငံမဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
Jan 06, 2022
ဓာတ်အားပေးစက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်မှုများလျော့နည်းလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသို့ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ရာ ပြည်သူအများ ခံစားနေကြရသည့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ရှင်းရှင်းလင်းလင်း သိရှိခွင့်ရကြပြီး ဓာတ်အားဖြုန်းတီးမှုများကို သတိပြုဆင်ခြင်ရန်နှင့် ဓာတ်အားချွေတာသုံးစွဲရေးတို့ အတွက်လည်းဂရုစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကိုလည်း သိခွင့်ရလိုက်ကြသည်။
Jan 05, 2022
ဇန်နဝါရီ ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၃ ဦးတွေ့ရှိ ၄ ဦး ထပ်မံသေဆုံး
Jan 05, 2022
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အား သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
Jan 05, 2022
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင် မော်တော် ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jan 05, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပသည်။
Jan 05, 2022
လက်မှတ်ရပြည်သူ့စာရင်းကိုင်(Certified Public Accountant - CPA) (ပထမပိုင်း) အမှတ်စဉ်- ၄၆ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီကျင်းပသည်။
Jan 05, 2022
ခေတ်မီဒီဂျစ်တယ်နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာကဏ္ဍ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) ကို လက်တွေ့ပြောင်းလဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများအား မိမိဝန်ကြီးဌာနက ဝန်ဆောင်မှုပေးလျက်ရှိနေသည့် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ICT ကို ယခုထက် ပိုမိုကျယ်ပြန့်စွာ သုံးစွဲရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
