Dec 17, 2024
မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်မြို့ ယွီကျုံးခရိုင်အစိုးရတို့ပူးပေါင်း၍ “ အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်-မြန်မာပြည်မှ ချုံချင့်သို့”ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ကျင်းပရာ အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်းပြောကြားကြသည်။
Dec 17, 2024
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။
Dec 17, 2024
မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့လှိုင်မြို့နယ် ကမ္ဘာအေးစေတီလမ်း LOTTE ဟိုတယ်၌ ကျင်းပသည်။
Dec 17, 2024
မျက်မှောက်ကာလသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖြစ်ပေါ်လာသောအခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နေသော အရေးပေါ်ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အဆင့်ဆင့်ချမှတ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Dec 17, 2024
မြန်မာနိုင်ငံတွင် သမဝါယမစနစ် အခြေတည်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ပြည့်ခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့သမဝါယမလှုပ်ရှားမှုသည် နှစ်ပေါင်း ၁၂၀ သက်တမ်းကာလအတွင်း ခေတ်အပြောင်းအလဲများနှင့် တွေ့ကြုံခဲ့ရသလို လူသားတို့နည်းတူပင် လောကဓံတရားတို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဗဟိုဦးစီးစနစ်ကျင့်သုံးသည့်ခေတ်တွင် အထက်ကချမှတ်ပေးသည့် မူဝါဒအရဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းများ၏ မအောင်မြင်မှုများမှာ နှောင်းခေတ်များတွင် လူပြောစရာများဖြစ်ခဲ့သည်။ သမဝါယမစိတ်ဓာတ်ကင်းမဲ့ခြင်း၊ စီမံခန့်ခွဲမှုများအားနည်းခြင်းနှင့် ပါဝင်လှုပ်ရှားသူအချို့ အကျင့်ပျက်ခြစားခြင်းတို့ကြောင့် သမဝါယမ၏ ပုံရိပ်ထိခိုက်ခဲ့ရသည်။ သမဝါယမစနစ်အပေါ် အထင်အမြင်လွဲခံရသည်။
Dec 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး ၁ ဦးကို နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Dec 16, 2024
တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
Dec 16, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Dec 16, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဝင်းဇော်အောင် (ခ) နန္ဒ မောင်းနှင်ပြီး သက်နိုင်နှင့် မင်းမင်းအောင်တို့ လိုက်ပါလာသည့် DAIHATSU ATRAI ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀၊ ငွေကျပ် ၁၈ ဒသမ ၅ သိန်းကို လည်းကောင်း။
Dec 16, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်မှုမြင်ကွင်း
Dec 16, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 16, 2024
၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
Dec 16, 2024
(၅၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပါးမျိုးသစ်များအကြောင်းခေါင်းစဉ်ဖြင့် ကျင်းပသည်။
Dec 16, 2024
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားအမှတ်-၂၃၅ (သိကြားပုန်းဘုရား) ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ် အမှူးပြု၍ ပင့်သံဃာဆရာတော်ကြီး ကိုးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 16, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Telecom International Myanmar Co.,Ltd (Mytel)တို့ ပူးပေါင်းပြီး “Cyber-Security in the Digital Age” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 16, 2024
ဒီနေ့ပြိုင်ခဲ့ရတဲ့ပြိုင်ပွဲမှာ လက်က ထိခိုက်ထားတော့ ကျွန်တော်ရထားပြီးသားစံချိန်ထက် နည်းနည်းတော့ လျော့သွားတယ်။ နောက်ပွဲတွေကျရင်တော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီနေ့ပြိုင်ပွဲမှာ ရွှေရပါတယ်။ ကျွန်တော်က ၆၇ ကီလိုတန်းမှာ မြန်မာပြည်စံချိန်ချိုးဖို့ ကြိုးစားနေတယ်။ ကျွန်တော်က ပြည်တွင်းပြိုင်ပွဲတွေကို ၂၀၁၄ - ၁၅ ခုနှစ် အသက် ၁၂ နှစ်အရွယ်ကတည်းက စပြိုင်တာပါ။ အသက် ၁၄ နှစ်အရွယ် အိုလံပစ်နေ့မှာ ရွှေတစ်ခုရတယ်။ နောက်တစ်နှစ်မှာ တိုင်းနဲ့ပြည်နယ်အဆင့် ကြေးတံဆိပ်၊ ပြီးတော့ နောက်နှစ်တွေမှာ ရွှေသုံးခု ဆက်တိုက်ရခဲ့ပါတယ်။ ကျွန်တော့်အဖေက ဂျူဒိုကစားသမား၊ အမေက အေရိုးဗစ်ကစားသမားပါ။ ကျွန်တော့်မျိုးရိုးလည်း အားကစားမျိုးရိုးဆိုတော့ အားကစားကို နှစ်သက်တယ်။ ကျွန်တော့်အနာဂတ်က ဆီးဂိမ်းသွားမယ်၊ ရွှေတံဆိပ်ဆုတွေ ယူမယ်။ ကျွန်တော်တို့ အလေးမအားကစားက မျိုးဆက်သစ်ရှားတဲ့ ကစားနည်းဖြစ်တယ်။ အလေးမအားကစားက လုပ်ချင်တဲ့သူတိုင်း လုပ်လို့မရဘူး။ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့က ဒီလိုအားကစားပွဲတွေ များများကျင်းပပေးဖို့လိုတယ်။ တကယ့်အလေးမအားကစားသမားကောင်းတွေ ထွက်ဖို့ဆိုရင် ပြိုင်ပွဲတွေမတိုင်မီ အနည်းဆုံး ခြောက်လလောက် Camp သွင်းပြီး လေ့ကျင့်သင့်တယ်။ အလေးမကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ သတိထားရမှာက အိပ်ချိန်၊ စားချိန်မှန်ရမယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ ထိခိုက်နာကျင်မှုမဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။
Dec 16, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 16, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲအလိုက် အသင်းလိုက် ရွှေ၊ ငွေ၊ ကြေး ဆုရရှိမှု ( ၁၁-၁၂-၂၀၂၄ မှ ၁၅-၁၂-၂၀၂၄) ရက်နေ့ထိ
Dec 16, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲအလိုက် အသင်းလိုက် ရွှေ၊ ငွေ၊ ကြေး ဆုရရှိမှု ( ၁၁-၁၂-၂၀၂၄ မှ ၁၅-၁၂-၂၀၂၄) ရက်နေ့ထိ
Dec 16, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
