Skip to main content
Dec 11, 2024
ကျွန်တော် ရုံးကနေအိမ်ပြန်ရောက်တော့ ည ၇ နာရီခွဲနေပြီ။ အိမ်တံခါးဝတွင် ကျွန်တော့်အစ်ကိုကြီး စောင့်ကြိုနှုတ်ဆက်လိုက်သဖြင့် အံ့ဩမိသည်။ အစ်ကိုကြီးက နယ်မှာနေသူဖြစ်သည်။ ဘာကိစ္စကြောင့် ကျွန်တော့်အိမ်သို့ ရောက်လာသည်မသိ။
Dec 10, 2024
လူသားအားလုံးအတွက် အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ ပါဝင်ထည့်သွင်းရေးဆွဲထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights-UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။
Dec 08, 2024
၂၀၂၅ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပရေး ဖြစ်နိုင်ခြေက မြန်မာနိုင်ငံကို တည်ငြိမ်ပြီး သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ပြောင်းလဲပေးမည့် အလားအလာကောင်းများ ဖြစ်သည်။
Dec 08, 2024
ဆောင်းပါး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဖန်တီးပေးကြရမည်ဖြစ်သည်။
Dec 07, 2024
၂၀၂၅ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲများကျင်းပရေးဖြစ်နိုင်ခြေက မြန်မာနိုင်ငံကို တည်ငြိမ်ပြီး သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ပြောင်းလဲပေးမည့် အလားအလာကောင်းများ ဖြစ်သည်။
Dec 06, 2024
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေရသကဲ့သို့ အဂတိလိုက်စားမှု၏ စိန်ခေါ်မှုများကြောင့် လူသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်ပျက်စီးလျက်ရှိပြီး ဆင်းရဲ မွဲတေမှုများနှင့် ရင်ဆိုင်နေကြရပေသည်။ ထို့အတူကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘဝတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဟန့်အတားဖြစ်နေသည့် အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်သူလူထု၊ အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြပါမှသာ အဂတိလိုက်စားမှုကင်းစင်ပြီး စားရေရိက္ခာပေါများသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည် နိုင်ပြီးအဂတိပယ်ခွာ ပြည်သာယာလာမည်ဖြစ်ပေသည်။
Dec 06, 2024
( င )   အားကစားသမားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် GYM လေ့ကျင့်ရာတွင် ထိရောက်မှု ရှိ မရှိ Fitness Coach Team ဖွဲ့စည်းခန့်အပ်စစ်ဆေးခြင်း အပါအဝင် အားကစားသမား၏ စိတ်အခြေအနေကို စိတ်ဆရာဝန်နှင့် ပုံမှန်စစ်ဆေးပေးရန်၊
Dec 06, 2024
အသိမှသည် လေ့ကျင့်မှု၊ အလေ့အကျင့်မှသည် ယှဉ်ပြိုင်ခြင်းဆီသို့
အားကစားမှပေးသော အကျိုးကျေးဇူးများက များပြားလှပါသည်။ သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးတရားများအပြင် မမြင်သာသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကိုလည်း ရရှိစေပါသည်။ အားကစားနည်းတစ်ခုကို ကိုယ်တိုင်ကျင့် ကိုယ်တိုင်ပြိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာခြင်းမှာ အထူးအဆန်းမဟုတ်ပါ။ ဝီရိယထား မဆုတ်မနစ် ကြိုးစားရသည့်အတွက် ဇွဲကောင်းလာမည်။ အားကစားကြောင့် မိမိကျန်းမာရေး၊ မိမိကိုယ်ရည်ကိုယ်သွေးများကို လေးစားတန်ဖိုးထားတတ်လာမည်။ အာဟာရကိုမျှတအောင် စားသောက်နေထိုင်ရသည့်အတွက်လည်း ရရှိလာသော ညီညွတ်မျှတသည့် အာဟာရ အလေ့အကျင့်သည် မိမိခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်သာ ဖြစ်သည်။
Dec 05, 2024
ဆောင်းပါး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး ဦးတည်လျက် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်အနက် နိုင်ငံသားအားလုံး သက်ရှည်ကျန်းမာစေရေးအတွက် လူမှုရေးဦးတည်ချက် ဒုတိယအချက်တွင် “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသောအချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါဦးတည်ချက် အောင်မြင်ပေါက်မြောက်ရန်အလို့ငှာ အားကစားကဏ္ဍသည် ပဓာနကျကြောင်းဖော်ညွှန်းနေပေသည်။
Dec 05, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် UNESCO (United Nations Educational, Scientific and Cultural Organization) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာညီလာခံ (Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage) ၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် မဲခွဲအတည်ပြုဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်းကြားသိရပါသည်။ အတာသင်္ကြန်ပွဲတော်ဟူသည် ရှေးနှစ်ထောင်ပေါင်းများစွာမှသည် ယနေ့တိုင်အောင် နှစ်စဉ်မပျက်မကွက် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး ပွဲတော်တစ်ခုပင် ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း မြန်မာတစ်မျိုးသားလုံးအပါအဝင် ကမ္ဘာလှည့်ခရီးသွားများ၊ လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြသည့် ကမ္ဘာသိရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။