Skip to main content
Oct 27, 2020
လွမ်းတတ်သူများအတွက် ဘယ်အရာမဆို လွမ်းစရာတွေချည်းဖြစ်သည်။ တန်ဖိုးထားလေ ပိုလွမ်းလေဖြစ်သည်။ သို့သော် အချို့သောအလွမ်းများက လွမ်းသူကို ပူလောင်စေတတ်၊ အိုမင်းစေတတ်ပါသည်။ အချို့အလွမ်းများမှာမူ လွမ်းသူကို ကြည်နူးစေတတ်၊ နုပျိုစေတတ်ပါ သည်။ ဒုတိယအလွမ်းမျိုးမှာ တန်ဖိုးရှိလှသည်။ ထိုအလွမ်းမျိုးကို လူတိုင်း လွမ်းစေချင်လှသည်။ ကျွန်တော်လည်း ထိုအလွမ်းမျိုး လွမ်းတတ်ဖို့ အားထုတ်နေပါသည်။
Oct 25, 2020
ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်သည် မြန်မာ့သမိုင်းတွင် အလွန် ထူးခြားသောနှစ်ဖြစ်ကာ ထိုနှစ် အောက်တို ဘာလ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင်ပေါ်ထွန်း၍ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ဒီဇင်ဘာလ ၅ ရက်) တွင် အမျိုးသားအောင်ပွဲနေ့ စတင်ခဲ့သည်။ ထို့ကြောင့် ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင်၊ ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသားအောင်ပွဲနေ့တို့၏ နှစ် ၁၀၀ ပြည့်မြောက်သည့် အချိန်ကာလဖြစ်ပေသည်။
Oct 25, 2020
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်းနှစ် ၁၀၀ ပြည့်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တာဝန်အဆက်ဆက် ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများ အနက် သက်ရှိထင်ရှား ပါမောက္ခချုပ်ကြီးများရှိသကဲ့သို့ ကွယ်လွန်သွားခဲ့ကြသည့် ပါမောက္ခချုပ် ကြီးများ ရှိကြပါသည်။
Oct 24, 2020
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် အာရှလမ်းမကြီးအမှတ်(၂) (AH-2) ဖြစ်ပြီး လမ်းအရှည် ၄၉၁ မိုင်ရှိပါသည်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ပေါ်ဒေသလမ်း ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် လျက် ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင် ၅၂/၆ တွင် ၄၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၆ မိုင် ၁ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည်။
Oct 24, 2020
ဆရာဇော်ဂျီက တက္ကသိုလ်ဆိုတာ တက္က-ကြံစည်ခြင်းနှင့် သီလ-အလေ့အကျင့်ကို ပေါင်းစပ်ထားရာလို့ ဆိုတယ်။ ဆင်ခြင်ကြံဆလုပ်ကိုင်တဲ့ အလေ့အကျင့်ရှိတဲ့နေရာဟာ တက္ကသိုလ်ပါ ပဲတဲ့။ တက္ကသိုလ်လို့ တရားဝင်အသိအမှတ်ပြုထားတဲ့ ပရဝဏ်တွေဆိုတိုင်း ဒီအလေ့အကျင့်ရှိပြီး ဒီအလေ့အကျင့်ကို အစဉ်တစိုက်ပျိုးထောင်တယ်လို့ မဆိုနိုင်ပေမယ့် မြန်မာပြည်မှာ ဒီအဓိပ္ပာယ်နဲ့ပြည့်စုံတဲ့ တက္ကသိုလ်တွေထဲ ရန်ကုန်တက္ကသိုလ်ဟာ ထိပ်ဆုံးမှာရှိပါတယ်။ နေရာဌာန အကောင်း မွန်ဆုံး၊ နောက်ခံသမိုင်းကြောင်း အကြွယ်ဝဆုံး၊ မြောက်မြားလှစွာတဲ့ လူတွေရဲ့ဘဝတွေအပေါ် အစိုးမိုးဆုံးဖြစ်လို့ အပြည့်စုံဆုံးသောနေရာပေါ့။ အားလုံးနဲ့ဆိုင်တာမို့လို့ တင်စားခေါ်ဆိုကြတာကိုက အမိတက္ကသိုလ်တဲ့။
Oct 23, 2020
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လမ်း/တံတား၊ ကျေးလက်လမ်း/တံတားနှင့် အဆောက် အအုံ၊ မြို့ပြဒေသများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
Oct 23, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/ အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 20, 2020
“နာဂတ်သက်သေ၊ ကမ္ဘာကြေလည်း မကျေတို့စွာ၊ အံ့မောရာသည်။ နောင်လာပြောဖို့၊ ဥဒါန်းတည်း” မန်လည်ဆရာတော်ဘုရားကြီး မဟာသုတကာရီ၊ မဃဒေဝလင်္ကာသစ် အပုဒ် (၇၈)၊ စာ ၄၈ အပိုင်း - ၁
Oct 19, 2020
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါမောက္ခ ဒေါက်တာမြင့်သိန်း၏ “ဒို့တက္ကသိုလ်တွေ အဆင့်မြင့်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့’’ ဟူသည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဆောင်းပါး တွင် “မြန်မာနိုင်ငံတက္ကသိုလ်များသည် ကမ္ဘာ့တက္ကသိုလ်အဆင့်အလိုက်နှင့်အတူ နိုင်ငံအတွင်းအဆင့် (၁) ရန်ကုန်တက္ကသိုလ်၊ (၂) မန္တလေးတက္ကသိုလ်၊ (၃) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စသည်တို့ အဆင့်ဆင့်တက်လာသည်ကို တွေ့ရှိရပါသည်’’ဟူ၍ ရေးသားတင်ပြထားပါသည်။