Skip to main content

ဖြူးမြို့နယ်၌ လက်ဆွဲမျိုးစေ့ချကိရိယာများ အရစ်ကျငွေပေးချေစနစ်ဖြင့် ဖြန့်ဝေ

ဖြူး ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကြီးကြပ်၍ စပါးစိုက်ဧရိယာများတွင် လက်ဆွဲမျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးနိုင်ရေး ဖြူးမြို့နယ်ရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ ၁၂၈၉ လက်ကို အရစ်ကျစနစ်ဖြင့် စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ​ပေး​လျက်ရှိသည်။

ဖြူးမြို့နယ်အတွင်း ပထမအကြိမ် လက်ဆွဲမျိုးစေ့ချကိရိယာ ၅၀၇ လက်ကို တစ်လက်လျှင်ငွေကျပ် နှစ်သိန်းဖြင့် အရစ်ကျဖြန့်ဝေပေးခဲ့ပြီး ဒုတိယအကြိမ် ၅၀၇ လက် ထပ်မံရောက်ရှိ၍ စုစုပေါင်း ၁၂၈၉ လက်ခန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၇) စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။

ဖြူးမြို့နယ်အတွင်း ယခုနှစ် မိုးစပါး၊ နွေစပါးစိုက်ပျိုးရာတွင် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် ၈၇၃၄ ဧကခန့် စိုက်ပျိုးထားနိုင်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)