Skip to main content

ကျိုးကြောင်းဆင်ခြင်မှင်နှင့် စိတ်ခံစားချက်

မိမိပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို မြင်တွေ့ခံစားရသည့် အကြောင်းအရာများအနက် လူတစ်ဦးချင်း စီအနေဖြင့် ကိုယ်တိုင် တွေ့ကြုံလာသည့် ကိစ္စရပ်များကို မည်သို့ရှုမြင်ကြသည်၊ မည်သို့နားလည် လက်ခံကြသည်နှင့် မည်သည့်ပုံစံဖြင့် တုံ့ပြန်ကြ သည်ဆိုသည်မှာ လွန်စွာစိတ် ဝင်စားဖွယ်ဖြစ်သည်။

အမုန်းမဖက် အပြုံးတစ်သက်တာ လုပ်ငန်းခွင်

ကျွန်တော်တို့သည် တစ်ခါတစ်ရံ မိမိတစ်ကိုယ်တည်း ကိုယ်နှင့်စိတ်ပင်လျှင် ဟန်မရအံမကျ ဖြစ်ရသည်ကို ကြုံဖူးကြပါ လိမ့်မည်။ ထိုသို့ဆိုလျှင်မိသားစုတစ်ခုတွင် မိခင်၊ ဖခင်တို့အပြင်သား သမီးများရှိကြသည့်အတွက် အနည်းဆုံး လူနှစ်ဦးရှိ လျှင်ပင် စိတ်နှစ်မျိုးရှိနေပြီဖြစ်သောကြောင့် မိသားစုတွင် ပါဝင်သူများအနေဖြင့် စိတ်အနေအထားအမျိုးမျိုး ရှိနေကြမည် မှာယုံမှားဖွယ်မရှိပါပေ။ ထိုနည်းတူမိသားစုများစွာမှ မွေးဖွားလာပြီး ဘဝဖြတ်သန်းမှုအထွေထွေ ကြုံခဲ့ရ သည့်လူပုဂ္ဂိုလ် များနှင့် ပေါင်းစည်းထားသော လုပ်ငန်းခွင်တစ်ခုတွင် လူအမျိုးမျိုးတို့၏ စိတ်အထွေထွေ ရှိနေကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးကုန်းမှ ခေါင်းလောင်းသံချို

“အချင်ချင် အမျက်အဤ တစိယ်မဟိယ် ချတ်သမ္မက်စိဖွင် ရှုကြရစိယ်နော်။” သိင်္ဃသူ့သမီး ကျောက်စာ သက္ကရာဇ်-၆၂၈ ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေး ပုဂံခေတ်ဦးကရေးထိုးခဲ့သည့် အထက်ကျောက်စာပါစာသား၏ အဓိပ္ပာယ်မှာ- “အချင်းချင်း အမျက်ဒေါသ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏” ဟုဖြစ်ပါသည်။ “ ငြိမ်းချမ်းရေး” ကိုဖော်ဆောင်သည့် မွန်မြတ်ပြီး တန်ဖိုးကြီးမား လှသော စကားစုပင်ဖြစ်၏။

စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း

၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုနှင်း သဘင်ကို ၂၇-၁၂-၂၀၁၁ ရက်တွင် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပရာ အမျိုးသား စာပေတစ်သက်တာဆုကို ဆရာကြီး ဦးသော်ကောင်း အားချီးမြှင့်ခဲ့သည်။

စွမ်းအားသတ္တိ

တစ်စုံတစ်ရာကို လူသည် တောင့်တသည့်အခါ ဒိဋ္ဌရမည်ကို သိသည်နှင့်တစ်ပြိုင်တည်း စိတ်၏တန်ခိုး ဝေးလ်ပါဝါကင်းပျောက်မြဲဖြစ်လေသည်။ ထိုတန်ခိုး ကိုထုတ်ရခြင်းသည် လိုသောအရာကို မရနိုင်သေးကြောင်း သက်သေဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ကျန်းမာခြင်း၊ ရောဂါပျောက်စေလိုခြင်း မှစ၍ တစ်စုံတစ်ရာကို အလိုရှိသည့်အခါဝေးလ် ပါဝါကိုထုတ်ခြင်း၊ စိတ်ကိုတင်းခြင်း၊ အံကြိတ်ခြင်း သည် ခက်ခဲခြင်း၏ကြီးမားခြင်းကို ဝန်ခံရာရောက်သဖြင့် ရဖို့ခက်လေသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်း စရာအစီအစဉ်

လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေသည် ဒယ်တာ မျိုးဗီဇပြောင်းပိုး အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာနှိမ်နင်းနိုင် (ဒေါက်တာခင်ခင်ကြီး)

သံသရာကြွေးပါမယ့် လုပ်ရပ်တွေကိုပါ ကျူးလွန်လာတဲ့ အကြမ်းဖက်သမားများ

လူမှုမီဒီယာတွေ တွင်တွင်ကျယ်ကျယ်သုံးလာတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ကပ်ပါလာတယ်။ ဒေသနီးဝေး ကွာခြားချက်မရှိဘဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆက်သွယ်နိုင် တဲ့ကောင်းကျိုးမျိုးရှိပါရဲ့။သို့ပေးဆိုးကျိုးအနေနဲ့ လူမှုမီဒီယာတွေ အထူးသ ဖြင့်ဖေ့စ်ဘွတ်မှာ အဆဲတစ်လိုင်းက ကြီးစိုးနေတယ်။ မကောင်းတဲ့ အကျင့်ဆိုတာကူးစက် လွယ်တာမို့ ထင်ပါရဲ့။ သူတစ်ပါးနဲ့ အမြင်မတူတဲ့၊ သဘောထားမတူတဲ့ ကိုယ့်ထင်မြင်ချက်ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဖော်ပြရင်း ဖေ့စ်ဘွတ်တင်တာတစ်မျိုး၊ Live လွှင့်တာတစ်မျိုး နဲ့ခေတ်မီနေသယောင်။

သာသနာ့အန္တရာယ် မြန်မာမှန်လျှင် တားဆီးကာကွယ်

မြတ်ဗုဒ္ဓ၏ သာသနာနှစ် ၂၅၆၅ နှစ်ကျော် ခရီးရှည် ကြီးကို ပြန်ပြောင်း လေ့လာကြည့်ပါလျှင် “ခေါက်ရှာ ငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်”ဟူသော မန်လည်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ် အတိုင်းပင် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်းအတက် အကျများစွာရှိခဲ့ပါသည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည် မဟုတ်ဘဲ မချောမမွေ့ သည့် ခရီးကြမ်းကြီးများကိုလည်း လျှောက်လှမ်းခဲ့ရပါသည်။

လူငယ်တွေနိုင်ငံရေးအသုံးချခံမဖြစ်ဖို့ဆိုရင်

CRPH နဲ့ NUGတို့ဟာ တော်လှန်ရေးအမည်ခံပြီး တိုက်ခိုက်မှုတွေဟာ တော်လှန်ရေး အသွင်ကနေ အကြမ်းဖက်လုပ်ရပ်အသွင်ကိုသိသိသာသာ ပြောင်းလဲလာတာကိုတွေ့ရပါ တယ်။ ဒီတော့တော်လှန်ရေးဆိုတာဘာလဲ၊ အကြမ်းဖက်လုပ်ရပ်ဆိုတာ ဘာလဲဆိုတာ ခွဲခြားကြည့်ဖို့ လိုလာပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG ဟာ တော်လှန်ရေးဆိုတဲ့ မှိုင်းတိုက်ပြီး လူငယ်တွေကို အသုံးချလာလို့ပဲဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ် ရပ်ကိုလေနဲ့ဝမ်းမကွဲတာကြောင့် ပြောင်းပြန်အကျိုးသက်ရောက်လာနိုင်ပါတယ်။ အသုံးချလိုသူတွေက ကျိုးကြောင်းမဆီလျော် တဲ့ မျှော်လင့်ချက်တွေ၊ မက်လုံးတွေပေးပြီး

လူမှုကွန်ရက်ပေါ်ကဝါဒဖြန့်သတင်းတုသတင်းမှားသံသရာ

ဝါဒဖြန့်ခြင်းဟူသည်ကား အခြေခံအကျဆုံးအဖြစ် ရှုမြင်ကြည့်လျှင် ဘက်လိုက်သော သို့မဟုတ် လမ်းလွဲသို့ခေါ်ဆောင်သွားသော အချက်အလက်များကို လူအများထံ ပျံ့နှံ့စေနိုင်မည့် မီဒီယာပုံစံအချို့ကို အသုံးပြုလျက် ဖြန့်ချိခြင်းဖြစ်သည်။ နိုင်ငံရေး အာဂျင်ဒါတစ်ခု သို့မဟုတ် နိုင်ငံရေးအမြင်တစ်ရပ်ကို ပရိုမိုးရှင်းလုပ်ရန်ရည်ရွယ်သည်။ ဝါဒဖြန့်ချိမှုသည် ဓမ္မဓိဋ္ဌာန်မကျအောင်၊ သမာသမတ်မကျအောင် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ခုသောထင်မြင်ချက်တစ်ရပ်ဆီသို့ လူအများကို လွှမ်းမိုးသိမ်း သွင်းဆွဲခေါ်ရန်အတွက် ပိုမိုကြီးမားသည့်စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ် ရပ်ဖြစ်တတ်သည်။ ယင်းကဲ့သို့သော စိတ်ဓာတ်စစ်ဆင်ရေးတွင် ပြောင်ကျကျ လိမ်ညာမှုများ သို့မဟုတ် ပိုမိုသိမ်မွေ့သောအချက်အလက်အမှားများ ထည့်သွင်းခြင်းနှင့်ဆင်ဆာ ဖြတ်ခြင်းတို့ပါဝင်သည်။ ဝါဒဖြန့်ချိရေးသည် ဓာတ်ပုံများ၊ ကြွေးကြော်သံများနှင့် တမင်ရွေးချယ်သုံးစွဲသော အချက်အလက်များအပြင် အချက်အလက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ဆင်ဆာဖြတ်ခြင်း တို့မှတစ်ဆင့်လူတို့၏စိတ်ခံစားချက်များကိုလှုံ့ဆော်သည်။
Subscribe to ဆောင်းပါး