Skip to main content

အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း

“အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂)” ကို အမှတ်တံဆိပ် မှတ်ပုံတင်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများအတွက် အောက်ပါအစီအစဉ် အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်-

သင်တန်း နေ့ရက်/အချိန်/နေရာ

သင်တန်းနေ့ရက် - ၂၅-၇-၂၀၂၂ မှ ၃-၈-၂၀၂၂ ထိ၊ (၈) ရက်

သင်တန်းအချိန်နေ့စဉ် - ၀၉ :၀၀ မှ ၁၂ :၃၀ နာရီအထိ

သင်တန်းနေရာ - Virtual Online (Zoom Meeting)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

သင်တန်း လျှောက်လွှာ Form လက်ခံခြင်း - ၂၉-၆-၂၀၂၂ မှ ၁၄-၇-၂၀၂၂ ထိ

သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား - ၆-၇-၂၀၂၂ မှ ၁၅-၇-၂၀၂၂ ထိ

ထုတ်ပြန်အကြောင်းကြားခြင်း

သင်တန်းကြေးပေးသွင်းရမည့်ရက် -   ၆-၇-၂၀၂၂  မှ  ၁၅-၇-၂၀၂၂ ထိ

သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း -   ၂၁-၇-၂၀၂၂  မှ  ၂၂-၇-၂၀၂၂ ထိ

ထုတ်ပြန်ကြေညာမည့်ရက်

သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ် (သုံးသိန်းကျပ်)

မှတ်ချက်။      သင်တန်းကြေးအားမြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထား သည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

လျှောက်ထားခြင်း/ငွေသွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

လျှောက်လွှာပုံစံအား ipd.gov.mm တွင် Download ရယူ၍  [email protected]  သို့ e-mail  သို့ ပေးပို့လျှောက်ထားရမည်။

[email protected] သို့ e-mail သို့ ပေးပို့လျှောက်ထားရမည်။

တက်ရောက်ခွင့်ရရှိမှုအားလျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ အကြောင်း ပြန်ကြား ပါမည်။

သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါကသက်ဆိုင်ရာ မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် များမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေးပေးသွင်းရမည်။ (သင်တန်းတက် ရောက်ခွင့် ရရှိ သူများသာ ငွေပေးသွင်းရန်)

သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် e-mail မှ [email protected] သို့ ပေးပို့ရမည်။

သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား (၂၁-၇-၂၀၂၂) မှ (၂၂-၇-၂၀၂၂)ထိ လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ပေးပို့ပေးမည်ဖြစ်ပါသည်။

စည်းကမ်းချက်များ

သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်းမပြုပါ။

လျှောက်လွှာ တွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန် စွာဖြည့်သွင်းရမည် ဖြစ်သည်။

သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါကနောက်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေး တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။

သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ်စာမေး ပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။

သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီးစာမေးပွဲ အောင်မြင်သူများကိုသာ သင်တန်းဆင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်း သားအဖြစ် မှတ်ယူမည်မဟုတ်ပါ။

သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နိုင်လျှင် ဖြစ်စေ၊ သင်တန်းတက်ရောက် ဆဲပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းထားပြီးသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

မှတ်ချက်။     အသေးစိတ်သိရှိလိုပါက ၀၆၇-၄၃၀၅၇၁/၀၆၇-၄၃၀၅၉၆သို့ ဆက်သွယ်စုံစမ်းနိုင် ပါသည်။

DOCA